အီရန်အပေါ် ထရမ့်၏ တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာများသည် ပြင်းထန်လှသကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်သည့် အရာများလည်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ၎င်းတို့၏ အဓိက ရည်မှန်းချက်ဖြစ်သော အစိုးရအပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ရုံသာမက ယခုအခါ အီရန်တွင် အာဏာရလာသော အစိုးရသစ်မှာ ယခင်အစိုးရထက်ပင် ပိုမိုအစွန်းရောက်သည့် လမ်းစဉ်ကို ကျင့်သုံးနေသည်ကို တွေ့ရသည်။

သမ္မတ ထရမ့်က အီရန်ကို တိုက်ခိုက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို အောင်ပွဲတခုအဖြစ် ပုံဖော်ရန် ကြိုး ပမ်းနေသော်လည်း အမှန်တကယ်တွင်မူ အောင်ပွဲဟုခေါ်ရန် လုံးဝမဖြစ်နိုင်ပေ။ ဤစစ်ပွဲသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကိုသာမက ထောက်လှမ်းရေး အသိုက်အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုများသာ ဖြစ်လာဖွယ်ရှိနေသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

#အီရန်
#အမေရိကန်
#အရေးယူမှုများ
#နိုင်ငံရေး
#ရည်ရွယ်ချက်
#ထောက်လှမ်းရေး
#အားနည်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------

Comments

Be the first to add a comment