ချယ်လ်ဆီးအသင်းက ဆန်ဒီယေဂိုဝေ့ဗ်အသင်းမှ အမေရိကန်နောက်ခံလူ နာအိုမီ ဂီမာကို အမျိုးသမီးဘောလုံးသမားတယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ဂီမာအတွက် ချယ်လ်ဆီးက ပေါင် ၉၀၀,၀၀၀ (ဒေါ်လာ ၁ ဒသမ ၁ သန်း) အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပြီး ၂၀၂၄ ဖေဖော်ဝါရီလက ဘေးအက်ဖ်စီအသင်းက ရာချယ် ကွန်ဒါနန်ဂျီအတွက် ပေးချေခဲ့တဲ့ ယခင်ကမ္ဘာ့စံချိန် ပေါင် ၆၈၅,၀၀၀ ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >>
https://bur.mizzima.com/2025/01/27/44945