နယ်စပ်ခြံစည်းရိုး လုံခြုံရေးယူသည့် အိန္ဒိယစစ်တပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

ပါခွီး

မဇ္ဈိမ ။ ။ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန် လုံခြုံရေးယူနေသည့် အိန္ဒိယစစ်တပ် အာသံရိုင်ဖယ် အမှတ် (၁၀) တပ်ဖွဲ့ကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ယုံးအောင် (NSCN-YA) အဖွဲ့က တိုက်ခိုက်ခဲ့ရာ တပ်သားသုံးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ခိုက်မှုသည် ယမန်နေ့ (မတ်လ ၂၆ ရက်) ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ နာဂလဲန်းပြည်နယ်၊ နမ်ဂွိုင်မြို့နယ်နှင့် မြန်မာနိုင်ငံ စစ်ကိုင်းဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ နမ်ဂွိုင်-ပန်ဆောင်လမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

NSCN-YA ၏ ထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုသည် နယ်စပ်နှစ်ဖက်စလုံးရှိ နာဂလူမျိုးများက ပြင်းပြင်း ထန်ထန် ကန့်ကွက်နေသည့်ကြားမှ အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးကို ဆက်လက်ကာရံနေခြင်းကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

“နယ်စပ်နှစ်ဖက်စလုံးမှ နာဂလူမျိုးအားလုံးက ပြင်းထန်စွာကန့်ကွက်နေသော်လည်း အိန္ဒိယသည် စာနာမှုမရှိဘဲ တရားမဝင်ဆောက်လုပ်ရေးလုပ်ငန်းများကို လွပ်လပ်စွာဆက်လက်လုပ်ဆောင်လျက် ရှိသည်။ ဤသည်မှာ အိန္ဒိယက…

Comments

Be the first to add a comment