Mizzima
အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအားလုံးခံစားရမည်ဖြစ်သော်လည်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ဗြိတိန်က အထိနာဆုံးဖြစ်လိမ့်မည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ထုတ်ပြန်ချက်တွင် ခန့်မှန်းထားသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ နောက်ဆုံးထုတ်ပြန်သော စီးပွားရေး အစီရင်ခံစာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဗြိတိန်စီးပွားရေးအလားအလာကို သိသိသာ သာ လျှော့ချသတ်မှတ်လိုက်သည်။
ယခုအခါ OECD က ဗြိတိန်၏ ယခုနှစ်ငွေကြေးဖောင်းပွမှုနှုန်းသည် လေးရာခိုင်နှုန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်စစ်ပွဲ
#ဗြိတိန်
#စီးပွားရေးတိုးတက်မှု
#ငွေကြေးဖောင်းပွမှု
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
Comments
Be the first to add a comment