မဇ္ဈိမ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတဝိုက်နှင့် စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ်ကြားတွင် စစ်ကော်မရှင်တပ်နှင့်အာရက္ခတပ်တော်( AA)တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့်စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။
တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ပြင်းထန်လာခြင်းဖြစ်ကာ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) အထိ တိုက်ပွဲဖြစ်ပွားနေသည်။ အာရက္ခတပ်တော်(AA)ဘက်ကလည်း အမြန်ရေယာဉ်များဖြင့် စစ်ကော်မရှင်၏ရေတပ်စခန်းများရှိရာသို့လာရောက်ပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံသတင်းအရင်းမြစ်က မဇ္ဈိသို့ပြောသည်။ Read more:
https://bur.mizzima.com/2026/02/25/83081