ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါးဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့်အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83498

Comments

Be the first to add a comment