🤩သမီးဖြစ်သူကို အဆိုတော်ဖြစ်စေချင်လို့ နာမည်ကြီးနာမည်ကြီးအဆို‌တော်ကို ပြန်ပေးဆွဲလိုက်တဲ့ ဖခင်🤩

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လမ်းအစမှာ ပရာရှန့် ကုမာရ် ဟာ ဒေသတွင်းမှာလူသိများတဲ့၊ အနုပညာပိုးအပြည့်ရှိပြီး အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိမ်မက်ခဲ့ဖူးသူတစ်ဦးပါ။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ စက်ရုံအလုပ်သမားတစ်ယောက်အဖြစ်ပဲ ဘဝကို ရုန်းကန်ခဲ့ရပါတယ်။ သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ ဂီတအိမ်မက်တွေကို သမီးဖြစ်သူ လသာ ဆီမှာ ပုံဖော်ဖို့ သူ အပြည့်အဝ ကြိုးစားပါတော့တယ်။ သမီးဖြစ်သူရဲ့ အမည်ကိုတောင် အိန္ဒိယရဲ့ ဂန္ထဝင်အဆိုတော်ကြီး လသာ မန်ဂေရှကာ ကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တာပါ။
ဒါပေမဲ့ လသာမှာ အသံကောင်းပြီး ပါရမီရှိပေမဲ့ ခန္ဓာကိုယ်ဝဖြိုးတာကြောင့် စင်ပေါ်တက်တဲ့အခါတိုင်း လှောင်ပြောင် သရော်တာတွေကို ခံရပြီး အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ပရာရှန့် အလုပ်လုပ်တဲ့ စက်ရုံပိတ်သိမ်းလိုက်ရလို့ သူ စားဝတ်နေရေး ကျပ်တည်းသွားတဲ့အပြင် သမီးဖြစ်သူရဲ့ အယ်လ်ဘမ် ထုတ်ပေးဖို့ ငွေကြေးလည်း လိုအပ်လာပါတယ်။
ဒီလိုနဲ့ ပရာရှန့်တစ်ယောက် တက္ကစီမောင်းပြီး ဘဝကို ရုန်းကန်နေတုန်း၊ သူ့ရဲ့ ကားပေါ်ကို အိန္ဒိယရဲ့ ထိပ်တန်း Pop အဆိုတော်မင်းသမီးချော ဘေဘီဆင်းဟ် (Aishwarya Rai Bachchan) မတော်တဆ ရောက်ရှိလာပါတော့တယ်။ သမီးအတွက် အခွင့်အရေးကို ဘယ်လိုမှ မဖန်တီးပေးနိုင်တော့တဲ့အဆုံး ပရာရှန့်ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အဒီလ်နဲ့ ပူးပေါင်းပြီး ဘေဘီဆင်းဟ်ကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
သူတို့တောင်းဆိုတဲ့ ရွေးရန်မားကတော့ သမီးဖြစ်သူ လသာကို တီဗီအစီအစဉ်တစ်ခုမှာ သီချင်းဆိုခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှုကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ရယ်မောစရာတွေ၊ ဘေဘီဆင်းဟ်နဲ့ အဒီလ်တို့ကြားက သံယောဇဉ်တွေ၊ ဖခင်ဖြစ်သူရဲ့ မေတ္တာနဲ့ အိမ်မက်တွေကြား ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် စီးမျောသွားစေမှာပါ။

ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/5727

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

2 comments

ဤ​ကဲ့သို့​
Nwe
ဒေါင်းမယ်