တရုတ်အစိုးရကိုယ်စား နိုင်ငံရေးအတိုက်အခံများကို ထောက်လှမ်းနေသည်ဟု သံသယရှိသော တရုတ် နိုင်ငံသား ရှစ်ဦးကို ပြည်နှင်ဒဏ်ပေးရန် အီတလီအာဏာပိုင်များက ရှားရှားပါးပါး အမိန့်ထုတ်ပြန်လိုက် သည်။
တရုတ်အေးဂျင့်များက အီတလီတွင် နေထိုင်နေသော တရုတ်အစိုးရကို ဝေဖန်သူများကို ရှာဖွေကာ ခြိမ်းခြောက်နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း တွေ့ရှိရပြီးနောက် အီတလီပြည်ထဲရေးဝန်ကြီးဌာန၏ ယင်းအမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းတို့၏ လုပ်ရပ်များသည် "အမျိုးသားလုံခြုံရေး" ကို ထိခိုက်စေနိုင်ကြောင်း အီတလီနေ့စဉ်သတင်းစာ Il Foglio က ဖော်ပြခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/14/84884#အီတလီအာဏာပိုင်များ
#ပြည်နှင်ဒဏ်
#တရုတ်အေးဂျင့်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews