အီရန်က ဆော်ဒီအာရေဗျရှိ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်များကို ဒဏ်ရာရစေခဲ့ သည့် ဖြစ်စဉ်မတိုင်မီရက်များအတွင်း၊ ရုရှားက ယင်းစခန်းကို ဂြိုဟ်တုဓာတ်ပုံသုံးကြိမ်ရိုက်ယူခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက NBC News သို့ မျှဝေသည့် ယူကရိန်းထောက်လှမ်းရေးအစီရင်ခံစာ တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စေရန် ရုရှားက အီရန်သို့ ထောက်လှမ်းရေးသတင်းများ မျှဝေနေသည်မှာ "၁၀၀ ရာခိုင်နှုန်း" သေချာကြောင်း ပင်လယ်ကွေ့နိုင်ငံ ဖြစ်သော ကာတာတွင် စနေနေ့ကပြုလုပ်သည့် အင်တာဗျူးတွင် သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရုရှား
#ဇယ်လန်းစကီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment