🤩ကလေးချင်းဆော့ခိုင်းရာကနေ ကြေးစားလူသ-တ်သမားတွေနဲ့ အသက်လုပြေးရတဲ့အထိ ဖြစ်သွားတဲ့အခါ🤩

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လမ်းကတော့ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရလို့ အိမ်မှာပဲ ကလေးထိန်းပြီး အိမ်ထောင်ရှင်အဖေ ဘဝကို မလူးသာမလွန့်သာ ဖြတ်သန်းနေရတဲ့ အေးအေးဆေးဆေးသမား Brianနဲ့ စတင်ပါတယ်။ သူဟာ အိမ်မှာ ပျင်းပျင်းရှိတာနဲ့ သူ့သားအတွက် သူငယ်ချင်းအသစ်ရအောင်ဆိုပြီး တခြားအိမ်ထောင်ရှင်အဖေတစ်ယောက်ဖြစ်တဲ့ Jeff နဲ့ ချိန်းတွေ့ဖို့ သဘောတူလိုက်ပါတယ်။
​Jeff ကတော့ လူကောင်ကြီးမားပြီး အက်ရှင်မင်းသားကြီး Reacher လို ထွားကြိုင်းပေမဲ့ ကလေးဆန်ပြီး မဆင်မခြင် ဇွတ်လုပ်တတ်တဲ့ loose cannon (ထိန်းမနိုင်သိမ်းမရ) လူစားမျိုး ဖြစ်နေပါတယ်။ အစပိုင်းမှာတော့ ဆင်ခြေဖုံးရပ်ကွက်က အဖေနှစ်ယောက်ရဲ့ ရယ်စရာကောင်းတဲ့ တွေ့ဆုံမှုလို့ ထင်ရပေမဲ့၊ Jeff ရဲ့ လျှို့ဝှက်ချက်တွေနဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် သူတို့သားအဖတွေပါ ပတ်သက်မိပြီး ရက်စက်တဲ့ ကြေးစားလူသတ်သမားတစ်စု ရဲ့ လိုက်လံလုပ်ကြံခြင်းကို ခံရပါတော့တယ်။
​ရိုးရိုးရှင်းရှင်း ကလေးချင်း ဆော့ခိုင်းဖို့ ချိန်းတွေ့ရာကနေ တကယ့်ကို အသက်လုပြေးရတဲ့ ကားမောင်းနှင်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေနဲ့ ကမောက်ကမ အက်ရှင်အလွဲတွေကြားထဲ Brian တစ်ယောက် ဘယ်လိုဗျာများပြီး လွတ်အောင်ပြေးရမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/c/3311665939/1854

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+KTK35gwyifw5YzJl

Comments

Be the first to add a comment