Mizzima
ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက်အပေါ် လက်မခံဟုဆိုကာ NUG တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်း
မောင်ခက်နွေ
မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။
၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။
ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ယမန်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်ကြားချက်များအတွက်…
Comments
Be the first to add a comment