ပြည်တွင်းဈေးကွက်က ရင့်ကျက်ပြီးပြည့်စုံလာသလို နိုင်ငံတချို့အနေဖြင့်လည်း ရင်းနှီးငွေအမြောက် အမြား ရင်းနှီးရသော်ငြား အဘက်ဘက်မှ ပြောင်းလဲတိုးတက်စေနိုင်မည့် လုပ်ငန်းများအတွက် အခြားနိုင်ငံများထက် ပိုပြီးအသင့်ဖြစ်နေကြစဉ် တရုတ်မီးရထားလုပ်ငန်းကြီးများအနေဖြင့် ရှေ့လာမည့်နှစ်များတွင် ယူရေးရှားဒေသတွင် အမြန်ရထားလမ်းများ တည်ဆောက်ရန် လေ့လာရှာဖွေမှုများ လုပ်ဆောင်လာဖွယ်ရာရှိကြောင်း အကဲခတ်များက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ၁၄၂ ကီလိုမီတာရှည်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းနှင့် တစိတ်တပိုင်းပြီးစီးထားသော ၃၅၀ ကီလိုမီတာရှည်သည့် ဘူဒါပက်စ်-ဘဲလ်ဂရိတ် ရထားလမ်းကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို နမူနာယူ၍ တရုတ်ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများသည် ယင်းတို့၏ ပြည်ပခြေ လှမ်းများကို ချဲ့ထွင်လာဖွယ် ရှိနေသည်။
♦️ ဆောင်းပါး အပြည့်အစုံ -
https://bur.mizzima.com/2026/02/25/83094#ပြည်တွင်း
#အမြန်ရထားလမ်းများ
#ပြည့်နှက်လာသည့်
#တရုတ်
#ခြေဆန့်လာနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------