Mizzima
"Shahed" ဒရုန်းများနှင့် အလားတူ စိန်ခေါ်မှုများကို တုံ့ပြန်ရန် ယူကရိန်းဘက်က ပံ့ပိုးပေးနိုင်မည့် လုံခြုံရေးဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ တောင်းဆိုမှုအားလုံးကို အသေးစိတ် ပြန်လည်သုံးသပ်ထားပြီးဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောသည်။ ယူကရိန်းအနေဖြင့် ကူညီပေးရန် ဆန္ဒရှိသော်လည်း "ယူကရိန်းပြည်သူများ၏ အသက်နှင့် လွတ်လပ်ရေးကို ကာကွယ်ပေးသောသူများကိုသာ" ပြန်လည်ကူညီမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က အမေရိကန်၏ တရားဝင်တောင်းဆိုမှုကို လက်ခံရရှိပြီးနောက် ယူကရိန်းသည် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ကူညီကာကွယ်ပေးရန်အတွက် ဒရုန်းကြားဖြတ်စနစ်များနှင့်အတူ ကျွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့ကို ချက်ချင်းစေလွှတ်ပေးခဲ့သည်။
“အီရန်နဲ့ ရုရှား အစိုးရဟာ အပြန်အလှန် ပံ့ပိုးပေးနေကြတာပါ။ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေတဲ့ အီရန်ရဲ့ 'Shahed' ဒရုန်းတွေထဲမှာ ရုရှားလုပ် အစိတ်အပိုင်းတွေ ပါတယ်ဆိုတာ အပါအဝင် သတင်းတွေ ထပ်ထွက်နေပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဒရုန်းစစ်ဆင်ရေး
#ယူကရိန်း
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment