Mizzima
လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄,၀၀၀ ကျော်သေဆုံး ၊ လေယာဉ်ဆီဖြတ်တောက်ရန် အရေးပေါ်တောင်းဆို
မောင်ခက်နွေ
မဇ္ဈိမ ။ ။ စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့မှုကြောင့် မွေးကင်းစကလေးငယ်အပါ အရပ်သား ၄,၂၉၉ ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က ယမန်နေ့ ( မတ်လ ၂၆ ရက် ) က ထုတ်ပြန်သည်။
ထို့ကြောင့် စစ်ကော်မရှင်ထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုများ အရေးပေါ်တားဆီးပေးရန် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာအစိုးရများထံ Blood Money Campaign က ထုတ်ပြန်တောင်းဆိုသည်။
နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “အခုနောက်ပိုင်းမှာဆိုရင် ဒီ စစ်ကိုင်း၊ အညာဒေသဘက်မှာဆိုရင်တော့ ဒီ Jet Fighter လေကြောင်းတိုက်ခိုက်မှု အပြင်ပေါ့ဗျာ ။ ဒီ လောင်စာဆီ အရမ်းကြီးမြင့်တော့ လောင်စာဆီ ချွေတာနိုင်တဲ့ ဒီ Gyrocopter တို့၊ Paramotor တို့၊ နောက်ဆုံး ဒီ လောင်စာဆီ လုံးဝသုံးစရာမလိုတဲ့ Suicide Drone တွေပေါ့နော်။ ဒါမျိုးတွေနဲ့ပါ အသုံးပြုပြီးတော့ ဒီ တိုက်ခိုက်လာတာကို တွေ့ရတယ်ဗျ” ဟု…
Comments
Be the first to add a comment