The Promise (2017)

IMDB: 5.9/10

၁၉၉၇ ကာလက ထိုင်းနိုင်ငံမှာ စီးပွားရေးပျက်ကပ်ဖြစ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတိုင်းကို ရိုက်ခတ်ခဲ့ပြီး အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မိသားစုတွေဟာလည်း စီးပွားတွေကျပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။
အစ်ဘ်နဲ့ဘုမ်တို့ရဲ့ မိဘတွေဟာ အထပ်မြင့်အဆောက်အအုံ ကြီးတည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး စီးပွားပျက်ကပ်လည်းဖြစ်ရော ရှိသမျှငွေအကုန်ကုန်ပြီးတော့ ဘဝအခြေအနေတွေ ပြောင်းပြန်အနေအထားနဲ့ ကြုံခဲ့ရပါတယ်။အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အစ်ဘ်နဲ့ဘုမ်တို့ ဟာလည်း ရုတ်ခြည်းပြောင်းလဲ သွားတဲ့ ဘဝအခြေအနေတွေ ကြောင့် စိတ်ဓာတ်ကျပြီး သူတို့ မိဘတွေရဲ့ ဆောက်လက်စ အဆောက်အအုံထဲမှာ နှစ်ယောက်အတူသတ်သေဖို့ ကတိပြုခဲ့ကြပါ တယ်။တကယ်တမ်းမှာတော့ အရင်သတ်သေလိုက်တဲ့ အစ်ဘ်ကိုမြင်ပြီး ဘုမ်ဟာ ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့နှစ် ၂၀ လောက်ကြာအပြီး မှာတော့ ဘုမ်ဟာ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဘဲလ်ဆိုတဲ့ သမီးလေးတစ် ယောက်ရှိနေပါပြီ

😍ကြည့်ရန်နှိပ်ပါ👇

t.me/MM_Sub_3/797

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment