Mizzima
ဟန်ဂေရီသည် ငွေသားနှင့် ရွှေများ တင်ဆောင်လာသည့် ထရပ်ကားတစီးနှင့်အတူ ယူကရိန်းဘဏ်ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းပြီးနောက် အဆိုပါဘဏ်ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း ယူကရိန်းက မတ်လ ၉ ရက်တွင် စွပ်စွဲပြောကြားလိုက်သည်။ ယင်းချိုးဖောက်မှုများထဲတွင် ဆီးချိုရောဂါရှိသူ အမျိုးသားတဦးကို အတင်းအဓမ္မ ဆေးထိုးနှံခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။
ယူကရိန်းအစိုးရဘက်မှ အပြင်းအထန် ကန့်ကွက်မှုတို့ လုပ်ဆောင်ပြီးနောက် တရက်အကြာတွင် ဟန်ဂေရီက အဆိုပါဘဏ်ဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဟန်ဂေရီကို ဖြတ်သန်းပြီး ဩစတြီးယားမှ ယူကရိန်းသို့ သယ်ယူ ပို့ဆောင်သည့် နိုင်ငံပိုင် Oschadbank ထံမှ သိမ်းဆည်းခဲ့သော အမေရိကန်ဒေါ်လာ သန်း ၄၀၊ ယူရို ၃၅ သန်းနှင့် ၉ ကီလိုဂရမ် အလေးချိန်ရှိ ရွှေတုံးများကိုမူ ဟန်ဂေရီက ပြန်လည်ပေးအပ်ခြင်း မရှိသေးပေ။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဟန်ဂေရီ
#ယူကရိန်းဘဏ်ဝန်ထမ်း
#ကိယက်ဗ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment