တရုတ်သရဲခုန်ဆွခုန်ဆွ အပိုင်း 1 📱

Mr. Vampire (1985)

ဒီကားလေးကတော့ တရုတ်သရဲခုန်ဆွခုန်ဆွတွေကို လူတိုင်းသိအောင်လုပ်ပေးခဲ့တဲ့ ကားလေးဖြစ်ပြီး IMDb ratingလည်း 7.4/10တောင်ရထားပါတယ်။ တော်တော်များများလည်း ဒီအရမ်းရယ်ရတဲ့ကားလေးကို သိကြမှာပါ။ မသိသေးတဲ့လူတွေလည်း ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ အရမ်းကောင်းတဲ့ကားလေးပါ။
ဇာတ်လမ်းလေးက တရုတ်ပြည်ကမြိုတစ်မြိုမှာ တရုတ်သရဲတွေကိုနှိမ်နှင်းတဲ့ ဆရာကူးနဲ့သူ့တပည့်နှစ်ယောက်ရှိပါတယ်။ သူတိုမြိုက သူဌေးကြီးတစ်ယောက်က သူ့အဖေကိုသင်္ဂြိုလ်ထားတာကို ပြန်တူးဖော်ပြီးသင်္ဂြိုလ်ပေးမှ စီးပွားတက်မယ်လိုဗေဒင်ကဟောလို ဆရာကူးတိုကိုလာငှားပါတယ်။ ဆရာကူးတို ဆရာတပည့်တွေ အလောင်းကိုတူးတော့ ဗေဒင်ဆရာက သူဌေးကြီးရဲ့အဖေနဲ့ ရန်ငြှိးရန်စရှိလို တမင်သက်သက်အလွဲတွေပြောထားတာသိခဲ့ရပါတယ်။ အခုဆိုရင် အနှစ်၂၀တောင်ရှိပြီဆိုတော့ သူ့အဖေကမကျွတ်လွတ်နိုင်ဘဲ သွေးစုတ်ဖုတ်ကောင်ဖြစ်နေပါပြီ။ အဲဒီသွေးစုတ်ဖုတ်ကောင်ကို သူတိုတွေဘယ်လိုနှိမ်နှင်းကြမလဲ။ ကြိုးစားနေတုန်း ဘယ်လိုအလွဲတွေဖြစ်မလဲ။ တပည့်နှစ်ယောက်ကလည်း အူကြောင်ကြောင်တွေမို သရဲကားဆိုပေမဲ့ ပါးစပ်မစိအောင်ရယ်ရမယ့် ဟာသသရဲကားလေးဖြစ်လို ရှုစားလိုက်ကြပါဦး။

ကြည့်ရန်
🔽🔽
https://t.me/MecChannel01/2281

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

4 comments

ဇတ်ကားမတွေ့လို့
ဘယ်လိာရှာရမာ
Aung PP
ဟုတ်ပါ့မတွ့ ဘူး
မတွေ့ပူး