အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် အီရန်ထောက် လှမ်းရေးဝန်ကြီးဌာနမှ အရာရှိများက လမ်းဖွင့်ထားကြောင်း ကမ်းလှမ်းလာသည်ဟု၊ ယင်းကိစ္စနှင့် နီးစပ်သည့် အရာရှိများကို ကိုးကားပြီး နယူးယောက်တိုင်းမ်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြလိုက်သည်။

အမည်မဖော်လိုသည့် နိုင်ငံတခု၏ ထောက်လှမ်းရေးအဖွဲ့မှတဆင့် ယင်းသို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံတနိုင်ငံမှ အမည်မဖော်လိုသူ တာဝန်ရှိသူများကို ကိုးကား၍ NYT က ဖော်ပြခဲ့သည်။

ယင်းသတင်းသည် "စစ်ပွဲကာလအတွင်း လုပ်ကြံဖန်တီးထားသည့် လိမ်လည်မှုနှင့် စိတ်ဓာတ်စစ်ဆင်ရေး သာဖြစ်သည်" ဟု ဆိုကာ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ငြင်းဆိုကြောင်း အီရန်၏ Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။ Read more: https://bur.mizzima.com/2026/03/05/83861

Comments

Be the first to add a comment