PP LINK UPLOAD
အထက်အရာရှိရဲ့စကားကိုနားမထောင်ဘဲ ထင်ရာစိုင်းမယ့်ရာဂျူ
🖤
📱
😘
အညွှန်းဖတ်ရန်
🔽
⬇️
အမေရိကရဲ့ ထိပ်တန်းကုမ္ပဏီကြီးရဲ့ စီအီးအိုဖြစ်တဲ့ အိန္ဒိယနိုင်ငံသား
မစ္စတာအာကယ်လာဟာ အိန္ဒိယပြည်ကို အလည်ပြန်လာတဲ့အချိန်မှာ
နိုင်ငံတွင်းက ဝန်ကြီးတွေဟာ သူတို့တာဝန်ယူရတဲ့ နယ်မြေမှာ
ကုမ္ပဏီအလုပ်အကိုင်အခွင့်အလမ်းတွေ များလာအောင်လို့
မစ္စတာအာကယ်လာကို ဖိတ်ခေါ်နိုင်ဖို့အတွက် အလုအယက်တောင်းဆိုကြပါတော့တယ်။
အဲဒီမှာပဲ ဝန်ကြီးကီရှေ့ဗ်ဟာ အစိုးရကို ဆန့်ကျင်ပြီးတော့
သူ့ပြည်နယ်ကို မစ္စတာအာကယ်လာ့ကို ခေါ်ယူပြီး ဧည့်ခံပါတော့တယ်။
ဒီလိုဧည့်ခံနေတုန်းမှာပဲ မစ္စတာအာကယ်လာတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
ကိစ္စအကြီးကြီးဖြစ်ပွားသွားပြီးတဲ့နောက်မှာ ဒီသတင်းကို မပေါက်ကြားစေဘဲ
မစ္စတာအာကယ်လာကို ကယ်တင်နိုင်ဖို့ ဝန်ကြီးတစ်ယောက် ခေါင်းစားရပါတော့တယ်။
ဒီလိုနဲ့ မစ္စတာအာကယ်လာကို ကယ်တင်ပေးဖို့အတွက် အတော်ဆုံးသူကိုရှာတဲ့အခါ
ရာဂျူလို့ခေါ်တဲ့ အရာရှိကို ရွေးချယ်လိုက်ပါတယ်။
ဒါပေမဲ့လည်း သူဟာ
မှန်မှန်ကန်ကန်ပဲ လုပ်တတ်တဲ့အတွက်နဲ့ အထက်ကလူတွေဟာ
သူတို့စကားနားမထောင်တဲ့အကြောင်းပြချက်နဲ့ ရာထူးကနေ ဆိုင်းငံ့ထားလိုက်တာကြောင့်
သူ့တည်နေရာကို မသိရှိဘူးဖြစ်နေကြပါတယ်။
သို့ပေမဲ့လည်း မစ္စတာအာကယ်လာရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့
အရာရှိမီနာရှာဟာ ရာဂျူနဲ့ ရည်းစားဟောင်းတွေဖြစ်နေခဲ့ပြီး သူသာ
ခေါ်လိုက်ရင်သေချာပေါက်လာမယ်ဆိုပြီး ပြောတဲ့အတွက် စိတ်အေးသွားရပါတော့တယ်။
ဒီလိုနဲ့ပဲ အရာရှိမီနာရှာတစ်ယောက် ရာဂျူကို ဘယ်လိုရှာဖွေသွားမလဲ ….
တွေ့ပြီးတဲ့နောက်မှာရော မစ္စတာအာကယ်လာ့ကို ကယ်တင်ဖို့အတွက်
ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့
အခွီလေးတွေနဲ့အတူ အက်ရှင်ခပ်မိုက်မိုက်တွေကိုပါ ကြည့်ရှုရမဲ့
ဟာသအက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/3140922312/226
ချန်နယ်အရင်Joinပါ
🔽
⬇️
https://t.me/+a_yvDwbe7vU4M2I1
Comments
Be the first to add a comment