ဘိုဒိုဂလင့်အသင်းဟာ ဥရောပအင်အားကြီး အင်တာမီလန်အသင်းကို ဖြုတ်ချခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှေ့ဆက်ချီတက်နေပါတယ်။ ဒါဟာ အာတိတ်စက်ဝိုင်း မြောက်အရပ်က အသင်းငယ်လေးအတွက် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုးတက်အောင်မြင်လာမှုရဲ့ နောက်ထပ်အခန်းသစ်တခုပဲဖြစ်ပါတယ်။

နည်းပြ ခက်တေးလ် နက်ဆင်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲရောက် အင်တာမီလန်ကို နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး အသင်းသမိုင်းတလျှောက် အကြီးကျယ်ဆုံးသော အောင်မြင်မှုနဲ့အတူ ကမ္ဘာ့အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

“ဒါဟာ ကလပ်အသင်းအတွက်၊ ကစားသမားတွေအတွက်၊ မြို့အတွက်ရော ပြီးတော့ နော်ဝေဘောလုံးလောကတခုလုံးအတွက်ပါ အံ့သြစရာကောင်းတဲ့ ညတညဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ၂၀၁၈ ခုနှစ်ကတည်းက အသင်းကို တာဝန်ယူထားတဲ့ နက်ဆင်က ပြောပါတယ်။ Read more: https://bur.mizzima.com/2026/02/25/83084

Comments

Be the first to add a comment