ပေါ့ပေါ့ပါးပါးနဲ့မိသားစုနဲ့ကြည့်ရင်းခွီရမယ့်မလေးသရဲဟာသကား🖤📱😘

📱IMDB: 7.1/10

အညွှန်းဖတ်ရန်
🔽⬇️
ဒီတစ်ခါမှာတော့ ဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက်
ပေါ့ပေါ့ပါးပါးရှုစားလို့ရမဲ့ မလေးရှားဟာသကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ 200KG Vampire ဖြစ်ပြီး လက်ရှိ
IMDb Rating 7.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကီလိုဂရမ် ၂၀၀ လေးတဲ့သွေးစုပ်ဖုတ်ကောင်နဲ့ ရွာသားတွေကြားကအလွဲလေးတွေ ဟာသလေးတွေကိုပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကရွာလေးနာမည်ကတော့တာဘာလစ်ရွာဖြစ်ပြီးအခုအချိန်မှာတော့ရွာသူကြီးရဲ့သား ကိုရီးယားရူးလေး ရွာကိုပြန်လာတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတော်နေ့တွေ့ဆုံပွဲလည်းတစ်ခါတည်းလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဖြစ်ချင်တော့ အဲ့ဒီပွဲမှာတည်ခင်းထားတဲ့အစားအသောက်တွေကို အစားကြီးတဲ့ ကီလိုဂရမ်၂၀၀ ရှိတဲ့သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကလာစားပါတော့တယ်။အဲ့ဒီကနေစပြီး ရွာသူရွာသားတွေရဲ့အစားအသောက်တွေ တစ်နေ့ထက်တစ်နေ့ပိုပိုကုန်လာတဲ့အပြင် သွေးစုပ်ခံရတဲ့ရွာသူရွာသားတွေလည်းရှိလာတဲ့အတွက် ရွာသူကြီးနဲ့လူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီးဒီသွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ဖို့ကြိုးစားကြပုံကိုပေါ့ပေါ့ပါးပါး ရှုစားကြရမှာဖြစ်ပါတယ်။


ကြည့်ရန်⬇️🔽
https://t.me/Yyyyyy088/3336

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

2 comments