ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom အကြီးအကဲ အလက်ဇီ လီကာချော့ဗ်က အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ၎င်းတို့ဝန်ထမ်းများသည် အီရန်နျူကလီးယားနယ်ပယ်မှ ခေါင်းဆောင်ပိုင်းနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် ပြောသည်။။
“အီရန်နျူကလီးယားကဏ္ဍရဲ့ အကြီးအကဲနဲ့ ဖုန်းနဲ့ရော အီးမေးလ်နဲ့ရော ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ပါဘူး။ အခုအချိန်မှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတောင် ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး” ဟု အလက်ဇီ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြကြသည်။
Rosatom နှင့် အီရန်တို့ ပူးပေါင်းတည်ဆောက်နေသည့် ဘူရှာ (Bushehr) နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ လုပ်ငန်းအားလုံးကို တိုက်ပွဲများကြောင့် အလုံးစုံ ရပ်ဆိုင်းထားကြောင်းနှင့် လက်ရှိတွင် အဆိုပါနေရာ၌ ရုရှားဝန်ထမ်းပေါင်း ၆၃၉ ဦး ရှိနေကြောင်း လီကာချော့ဗ်က ပြောသည်။ Read more:
https://bur.mizzima.com/2026/03/04/83721