လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါအားကစားကွင်းမှာ လူငါးဦး သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ မတော်တဆမှုတခုသာ ဖြစ်တယ်ဆိုပြီး သေမှုသေခင်း စုံစမ်းစစ်ဆေးရေး ဂျူရီလူကြီးအဖွဲ့တဖွဲ့က ကောက်ချက်ချပါတယ်။
၂၀၁၈ ၊ အောက်တိုဘာ ၂၇ ရက်က ဖြစ်ခဲ့တဲ့ အဲဒီ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ လက်စတာစီးတီးကလပ်အသင်းရဲ့ ဥက္ကဋ္ဌ ဗီချိုင်း စီဝတ်တနာ ပရာဖာနဲ့အတူ ရဟတ်ယာဉ်နဲ့လိုက်ပါသွားတဲ့ ကေ့ဗ်ပွန်း ပွန်ပါရီ၊ နူဆာရာ ဆွတ်ခ်နာမိုင်၊ ပိုင်းလော့ အီရစ် ဆွက်ဖာနဲ့ သူ့ရဲ့ပါတနာ အစ်ဇ်ဘယ်လာ ရိုဇာ လီချိုဝစ်ဇ် အပါအဝင် လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >>>
https://bur.mizzima.com/2025/01/30/45249