စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဒုဗိုလ်မှူးကြီးနှင့်ဗိုလ်မှူးအပါအဝ
စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ ဦး ဖမ်းဆီးရမိ008မဇ္ဈိမ။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးတဦးအပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်သားနှင့် ပျူစောထီး စုစုပေါင်း ၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်းက ယနေ့(ဇူလိုင်လ ၂၁ ရက်)သတင်းထုတ်ပြန်သည်။အဆိုပါ စစ်ကောင်စီလက်အောက်ခံများအား စဉ့်ကူးမြို့မှ ဧရာဝတီမြစ်ကိုဖြတ်ပြီး ထွက်ပြေးလာစဥ် အမှတ်(၁၂၂၂)တပ်ရင်းက ဇူလိုင် ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိသူများမှာ ခမရ(၇၀၃)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ(၇၀၈)တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ (၇၀၈)မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ(၉၃)မှ ဗိုလ်ကြီး အေးကို၊ ခမရ (၇၀၈)၏တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူးရွှေသိမ်းမောင်၊ ရေတော် ပျူစောထီးခေါင်းဆောင် ငနိုင်နှင့် ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း ပျူစောထီးခေါင်းဆောင် ထွန်းလင်းအပါအဝင် ၂၈ ဦး ဖြစ်ကြောင်းသိရသည်။အမှတ်(၁၂၂၂)တပ်ရင်းတာဝန်ခံနှင့် တပ်ရင်းမှူးတို့က ဖမ်းဆီးရမိသည့် စစ်ကောင်စီအရာရှိအရာခံများ အား စစ်ဆေးမေးမြန်မှုများပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးရှိ စစ်ကောင်စီတပ်များမှ စစ်သည်များအနေဖြင့် လက် နက်ချအလင်းဝင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ဖမ်းဆီးရမိထားသူများကို မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ဇူလိုင် ၁၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။စဉ့်ကူးမြို့နယ်တခုလုံးကို ဇူလိုင် ၁၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF မှ ဇူလိုင်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန် ထားသည်။စာတည်း။ ။စောဖေ#မန္တလေးတိုင်း#စဉ့်ကူးမြို့နယ်#မြို့သိမ်းတိုက်ပွဲ#MDY_PDF#မိုးကုတ်ဗျူဟာVideo Link >>
https://youtu.be/4qfb5DdS9VU-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ
https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U or
https://ift.tt/d9qcUPQhttps://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F4qfb5DdS9VU&h=AT0vU0JksfVhNDZ0LhtIgr2IlPr-ojnIwsLEkPiT44Hizfj9qBeP1qrGA4VO1G_43YMMhya_NQNYswzMWDOZ-8MUjlahh2-Pg9SghS_bual-iBZErq4wo1dF7_wwDnw8&s=1