အကယ်၍ အီရန်ဘက်မှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ယူရေနီယံများကိုလည်း လေကြောင်းမှ ဖျက်ဆီးရန် မဖြစ်နိုင်လောက်အောင် လိုဏ်ဂူနက်နက်များထဲတွင် ထည့်သွင်းထားမည်ဆိုပါက ၎င်းတို့ကို ဖယ်ရှားပစ်ရန် တခုတည်းသော နည်းလမ်းမှာ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း အမေရိကန် သို့မဟုတ် အစ္စရေး စစ်သည်များနှင့် ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့ကို စေလွှတ်သိမ်းဆည်းခြင်းပင် ဖြစ်သည်။

အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် ရန်သူ၏ နျူကလီးယားလက်နက်များနှင့် ပစ္စည်းများ အသုံးမပြုနိုင်အောင် ပြုလုပ်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများအတွက် ဖက်ဒရယ်သိပ္ပံပညာရှင်များ၊ ကျွမ်းကျင်သူများနှင့်အတူ ကာလရှည်ကြာ လေ့ကျင့်ထားပြီး ဖြစ်သည်။ သို့သော် ထိုသို့ဆောင်ရွက်ရန်မှာ မလွယ်ကူလှပေ။ ထရမ့်၏ ပထမသက် တမ်းအတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ မာ့ခ် အက်စ်ပါက အီရန်နိုင်ငံအတွင်း၌ ထိုကဲ့သို့ အမှန်တကယ် လုပ်ဆောင်ရန်မှာ အင်အားအမြောက်အမြား လိုအပ်မည်ဖြစ်ပြီး "အလွန်အန္တရာယ်များလှသည်" ဟု သတိပေးထားသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိုက်ပွဲများအကြား
#အီရန်
#နျူကလီးယား
#ပစ္စည်းများ
#စက်ကိရိယာများ…

Comments

Be the first to add a comment