Mizzima
တရုတ်တွင် အလုပ်ရှာပေးမည်ဆိုကာ လူ ၅၀ ကျော်ကို အွန်လိုင်းမှ ငွေလိမ်လည်
ဓာတု
မဇ္ဈိမ။ ။ သူဌေးနောက်လိုက်ဟုဆိုသူက တရုတ်နိုင်ငံတွင် အလုပ်ပေးမည် အကြောင်းပြ၍ တဦးလျှင် ကျပ် ၅၀၀,၀၀၀ ဝန်းကျင်စီ တောင်းယူလိမ်လည်သွားကြောင်း လိမ်လည်ခံရသူများနှင့် နီးစပ်သူများထံက သိရသည်။
ဖော်လိုဝါ ၅,၀၀၀ ဝန်းကျင်ရှိသည့် Hein Htet အမည်ရှိ တစ်တော့ (Tik Tok) အကောင့်မှတဆင့် လူဦးရေ ၅၀ ကျော်ကို လစာ ကျပ်သိန်း ဆယ်ချီရမည်ဟု မက်လုံးပေးကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် တာချီလိတ်၊ မူဆယ်၊ လောက်ကိုင်နှင့် ‘ဝ’ပြည်နယ် စသည့် မြန်မာ-တရုတ်နယ်စပ်ဘက်သို့ လိမ်လည်ခံရသူများကို လာရောက်ခိုင်းပြီး ထိုသို့ အရောက်တွင် အဆက်အသွယ်ဖြတ်သွားခြင်းဖြစ်ကြောင်း လိမ်လည်ခံရသူများနှင့်နီးစပ်သည့် သာစည်မြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကမဇ္ဈိမသို့ပြောသည်။
“အွန်လိုင်းကနေ K pay နဲ့ စာအုပ်လုပ် ဘာညာဆိုပြီး တောင်းခိုင်းတယ် ။ နှစ်ရက် ၊ သုံးရက်နေရင် စာအုပ်ရပြီနော်။ ဘယ်နားကိုလာကြိုရမှာလဲဆိုပြီးရောက်လာရင် ဖုန်းစက်ပိတ်ပြီးမကိုင်တော့ဘူး။ တချို့ကျဆက်လိုက်ရင် လားရှိုးရောက်နေလို့ပါ ဘာညာ အပြင်မှာချိန်းရင် အတွေ့မခံဘူး။…
Comments
Be the first to add a comment