တောင်ကြီးတွင် စစ်မှုထမ်းစာရင်း ပါဝင်သူများအား ဖမ်းဆီးမှုနှင့် ပေါ်တာဆွဲမှု မြင့်တက်

ရောင်နီ

မဇ္ဈီမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ကြီးမြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများအား အာဏာသိမ်းစစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ကပါ လုပ်ဆောင်နေခြင်းဟု ဆိုသည်။

“ စစ်မှုထမ်းဥပဒေထုတ်ပြီးကတည်းက ရပ်ကွက်ကတဆင့် စစ်မှုထမ်းခေါ်တာရှိတယ်၊ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး လူလိုက်ဖမ်းပြီး ပေါ်တာဆွဲတာရှိမယ်၊ PNO/PNA က စစ်သားစုဆောင်းတာရှိမယ်။ စစ်အုပ်ချုပ်ရေးအပြည့် သက်ရောက်နေတာဆိုတော့လေ အကုန် သူတို့ခြေသူတို့လက်ချည်းပဲ” ဟု တောင်ကြီးဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က အလုံးစုံ ထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည်။

ယခင်က စစ်မှုထမ်းစာရင်း၌ပါဝင်သူများသည် ငွေပေးခြင်း၊ လူစားထိုးခြင်းများ ပြုလုပ်နိုင်သော်လည်း ပြီးခဲ့သည့်…

Comments

Be the first to add a comment