အလီအက္ကဘာသည် နံနက်တိုင်း တပတ်ရစ်စက်ဘီးလေးဖြင့် ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအကြား လှည့်လည်ကာ သတင်းစာအော်ရောင်းလေ့ရှိသည်။ သူ၏ ဖောက်သည်များထဲတွင် ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်များမှသည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကဲ့သို့ ဧည့်သမ္မတများအထိ ပါဝင်ခဲ့ဖူးသည်။
သူ၏ ဖောက်သည်ဟောင်းတဦးဖြစ်သော ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အက္ကဘာကို “ခင်ဗျားဟာ ရပ်ကွက် ၆ ရဲ့ အသံပါပဲ။ တနင်္ဂနွေမနက်ခင်းတွေနဲ့ နေ့ရက်တိုင်းမှာ ကြားနေရတဲ့ ပြင်သစ်သတင်းစာလောကရဲ့ အသံပါပဲ။ ပါကစ္စတန်ကနေ ရောက်လာပေမယ့် ပြင်သစ်ကလူတွေထဲမှာ ပြင်သစ်အဆန်ဆုံးဖြစ်ပြီး လွတ်လပ်စွာ တွေးခေါ်တဲ့ ဗော်လ်တဲယားလို စိတ်ဓာတ်ရှိသူပဲ” ဟု ဇန်နဝါရီလနှောင်းပိုင်းက Élysée နန်းတော်တွင် ပြုလုပ်သည့် ဂုဏ်ပြုအခမ်းအနားတွင် ချီးကျူးစကားပြောခဲ့သည်။
“တကယ်တော့ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် နိဗ္ဗာန်ဘုံပါပဲ” ဟု သူက ဆိုသည်။ သို့သော် ထိုကာလများသည် အရာရာလွယ်ကူခဲ့သည်တော့မဟုတ်ပေ။ မိသားစုထံ ငွေပို့နိုင်ရန်အတွက် လမ်းဘေးတွင် အိပ်စက်ကာ အိုးမဲ့အိမ်မဲ့ဘဝဖြင့် ငွေစုခဲ့ရသည့် အချိန်များလည်း ရှိခဲ့သည်။ Read more: >>
https://bur.mizzima.com/2026/02/21/82693