လိုင်ချင်းတီ သမ္မတအဖြစ် တာဝန်ယူသည့် ပထမနှစ်ပတ်လည်နေ့ဖြစ်သော မေလ ၂၀ ရက်နေ့အပြီးတွင် လိုင်အား ရာထူးမှ ပြန်လည်ရုပ်သိမ်းရေးအဆိုကို လွှတ်တော်တွင် တင်သွင်းရန် ကြိုးပမ်းသွားမည် ဟု အဓိက အတိုက်အခံပါတီဖြစ်သော ကူမင်တန်ပါတီ (KMT) က ဧပြီ ၂၆ တွင် တိုင်ပေမြို့၌ ၎င်း ဦးဆောင်ပြုလုပ်သော ထောက်ခံသူ ၂၅၀,၀၀၀ ခန့် တက်ရောက်ခဲ့သည့် စုဝေးပွဲတွင် ပြောကြားခဲ့သည်။

လိုင်သည် ပြီးခဲ့သည့်နှစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍ ကောင်းမွန်သော အုပ်ချုပ်ရေးကို အာရုံမစိုက်ဘဲ အတိုက်အခံပါတီများကို ဖယ်ရှားရေးကိုသာ အာရုံစိုက်ခဲ့ကြောင်း KMT ဥက္ကဋ္ဌ အဲရစ်ချူ က လူထုစုဝေးပွဲတွင် ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/29/54691

Comments

Be the first to add a comment