လူသေတွေကိုမြင်နိုင်သူ🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာ လှည့်ကွက်မျိုးစုံနဲ့ ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ သူဟာနဲ့သူ ကြည့်ကောင်းတဲ့ အနေအထားတော့ ရှိပါတယ်။ ဒီဇာတ်ကားက Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် ပုံမှန် သရဲကားတွေလို ခြောက်လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်း သုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့ သည်းထိတ်ရင်ဖို စာရေးဆရာတစ်ယောက် ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက် ဖြစ်တဲ့ တက်ဒီ ကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ ဒီနေ့ အလုပ်လာတဲ့ရက်မှာတော့ သူ့ရုံးခန်းကို ဂျက် ဆိုတဲ့ လူတစ်ယောက်က ရောက်နေပါတယ်။ ဂျက် က တော်တော် ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ပြီး လာရင်းအကြောင်းလည်း မပြောသလို သူ ဘယ်သူဆိုတာကိုလည်း မပြောပြပါဘူး။ ဒါပေမဲ့ သူက တက်ဒီ မှာ သေဆုံးပြီးသား လူတွေကို မြင်နိုင်တဲ့ အစွမ်းတစ်ခု ရှိနေတာကို သိပြီး အဲ့ဒီအစွမ်းကို အသုံးချဖို့ လိုအပ်တဲ့အတွက် အကူအညီ လာတောင်းတာလို့ ပြောပါတယ်။ ဘာကိစ္စအတွက် တက်ဒီ အစွမ်းကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကမ့်ပ်တွန် ဆိုတဲ့ အိမ်တော်ကြီးမှာ လူတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြပြီး ဘာကြောင့် သေဆုံးခဲ့ရလဲဆိုတာ ကို အခုထိ အဖြေမရသေးတဲ့ အမှုအတွက် ပဲ ဖြစ်ပါတယ်။ တက်ဒီ က စိတ်မပါပေမဲ့ ဂျက် က အတင်းအကြပ် ခေါ်နေတဲ့အတွက် သွားခဲ့ပြီး နောက်မှာတော့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ့်ပ်တွန် အိမ်တော်ကြီးကို ရောက်ခဲ့ပါတယ်။ အဲ့ဒီက စပြီး တက်ဒီ နဲ့ ဂျက် နှစ်ယောက် အိမ်ကြီးထဲ ဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေသလဲဆိုတာကို အဖြေရှာသွားပုံကို ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ကြည့်ရန်⬇️🔽
https://t.me/BlFansFansFromMyanmar/4538

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment