Mizzima
အိုလီဆေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဘိုင်ယန်နည်းပြ ကွန်ပနီ ပြော
AFP
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက မိုက်ကယ် အိုလီဆေး ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အတ္တလန်တာကို ၆-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ ပြင်သစ်လက်ရွေးစင် အိုလီဆေးက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အိုလီဆေးဟာ ကွင်းအနှံ့ ခြေစွမ်းပြကစားခဲ့သလို ပွဲကစားချိန် ၆၄ မိနစ်မှာ သူ့ရဲ့ ဒုတိယမြောက်ဂိုးနဲ့ အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ အိမ်ရှင်အတ္တလန်တာ ပရိသတ်တွေရဲ့ လက်ခုပ်သံကိုတောင် ရရှိခဲ့ပါတယ်။
“သူ့မှာရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်လာဖို့ အခွင့်အရေး ပေးနေတာပါ” လို့ ကွန်ပနီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ကစားသမားချင်းတော့ ကျွန်တော် မနှိုင်းလိုပါဘူး၊ သူတို့က တယောက်နဲ့တယောက် လုံးဝမတူလို့ပါ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းကို ပြောရရင်တော့ ကျွန်တော် ကီဗင် ဒီဘရိုင်းနားနဲ့ အတူ ကစားခဲ့တုန်းက သူ လူငယ်ဘဝကနေ ကမ္ဘာကျော် စူပါစတားတယောက် ဖြစ်လာတာကို…
Comments
Be the first to add a comment