ဒေါ်ကြည်ပြာအမှု NUG ဖြေရှင်းချက် ကြိုဆို၊ ရပ်နားထားသည့် တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များ ပြန်လည်စတင်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ပတ်သက်သည့် အဂတိလိုက်စားမှုစွပ်စွဲချက်များအပေါ် NUG စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရှင်းလင်းထုတ်ပြန်မှုကို CDM အဖွဲ့အစည်းများနှင့် တိုင်ကြားသူများက ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာကြသည်။

ယခင် NUG ထုတ်ပြန်ချက်အပေါ် ကန့်ကွက်သည့်အနေဖြင့် ရပ်ဆိုင်းထားသော တော်လှန်ရေးလုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

NUG ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ ယာယီရပ်နားထားသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက် )ညပိုင်းမှစ၍ ပြန်လည်စတင်ကြောင်း ကြေညာခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/02/23/82846

Comments

Be the first to add a comment