ခါမေနီ သေဆုံးသွားသော်လည်း အစ္စရေး၏ စစ်ဗျူဟာပြောင်းလဲမည်မဟုတ်ဘဲ အီရန်အရာရှိများနှင့် ဒုံးကျည်အခြေခံအဆောက်အအုံများကို ဆက်လက်ပစ်မှတ်ထားသွားမည်ဟု အစ္စရေး၏ စစ်ဆင်ရေးအခြေအနေကိုသိရှိသည့် သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနသို့ ပြောသည်။

အီရန်က ၎င်းတို့တိုက်ခိုက်ခံရပါက အမေရိကန်စခန်းများကို ပစ်မှတ်ထားမည်ဟု ပြောကြားထားပြီး၊ ယခုအခါ အခြားသောပစ်မှတ်များကိုပါ ထိမှန်နေသဖြင့် ရေနံထုတ်လုပ်ရာ ပင်လယ်ကွေ့ဒေသတခုလုံး ထိတ်လန့်တုန်လှုပ်နေရသည်။

အစ္စရေးတဝန်းတွင်လည်း တနင်္ဂနွေနေ့အစောပိုင်းက လေကြောင်းရန်သတိပေးဥသြသံများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပြီး တဲလ်အဗစ်မြို့တွင်လည်း ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83424

#အီရန်
#ခါမေနီ
#ပြင်းထန်သောအကျိုးဆက်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment