ထိုအကြမ်းဖက်မှုတွင် တိုက်ခိုက်သူ လေးဦးပါဝင်ခဲ့ကာ ပါကစ္စတန်အကြမ်းဖက်သမားသုံးဦးနှင့် ဒေသခံ အကြမ်းဖက်သမား အဒီလ်သိုကာတို့ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်သမားနှစ်ဦးက အနီးနားရှိဈေးဆိုင်များနောက်ကွယ်မှ ပေါ်ထွက်လာပြီး ဓားစာခံလူလေးဦး ကို အနီးကပ်မပစ်သတ်မီ အစ္စလာမ်ဘုရားစာ ကလီမာဟ် ရွတ်ဆိုခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ရက်စက်ကြမ်းကြုတ်လှသည့်လုပ်ရပ်ကြောင့် ခရီးသွားဧည့်သည်များသည် အရပ်ရှစ်မျက်နှာ သို့ ထွက်ပြေးခဲ့ကြရသည်။ တချိန်တည်းမှာပင် အခြားအကြမ်းဖက်သမားနှစ်ဦးကလည်း အမြင့်တနေရာ မှ သေနတ်များဖြင့် ပစ်ခတ်နေခဲ့သဖြင့် သွေးထွက်သံယို ပိုများခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/04/27/54529