'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ'
မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားသံလမ်း ပြုပြင်နိုင်ရေး စစ်ကောင်စီဘက်က လုပ်ဆောင်လျက်ရှိရာ အဆိုပါ Mission အောင်မြင်နိုင်ရေး စစ်ကြောင်း ၇ ကြောင်းအသုံးပြု၍ နယ်မြေရှင်းလင်းရေးကို ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ လုပ်ဆောင်ခဲ့သည်။

စစ်ကြောင်း ၇ ကြောင်းအနက် ဘီလူးစစ်ကြောင်း၏ ဆိုးသွမ်းရက်စက်မှုက လူထုကို မေ့မရနိုင်သည့် စိတ်ဒဏ်ရာများ ထင်ကျန်စေခဲ့သည်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ကြီးက “၂၁ ရက်မှာပဲ လူ ၅ ဦးကို တစ်နေရာတည်း သတ် ဖြတ်ပြီးတော့ ခန္ဓာကိုယ်နဲ့ လက်တွေနဲ့ကို တခြားစီ၊ ဇက်ဖြတ်ပြီးတော့ ဇက်ကို တခြားနေရာမှာ ချိတ်ထားခဲ့တဲ့ အနေအထား အဲ့ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေက စပြီး လုပ်လာတာပေါ့။ အဲ့ဒါတော့ ဘီလူးစစ် ကြောင်းပေါ့။ အဲ့ဒါက ထန်းတောဆိပ်၊ စစ်ကိုင်းမှာ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အလားတူ ဝက်လက်နယ်ရှိ ကျီးကန် (တောင်) နှင့် ကျီးကန် (မြောက်) ရွာက အပြစ်မဲ့ပြည်သူများကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သေးသည်ဟု ကိုနိုင်ကြီးက ဆက်ပြောသည်။
“၂၆ ရက်နေ့မှာတော့ ဝက်လက်မြို့နယ်ထဲက ကျီးကန် တောင်ရွာနဲ့ မြောက်ရွာကို စစ်ကြောင်းဝင်လာပြီးတော့ ကျီးကန်တောင်ရွာက ပြည်သူနှစ်ဦးကိုလည်း အဲ့လိုပဲ သတ်ဖြတ်တယ်။ ကျီးကန်မြောက်ရွာကို ရောက်လာတဲ့ အချိန်မှာ မိသားစုဝင် ၄ ဦးကို ဖမ်းဆီးပြီးတော့ သတ်ဖြတ်တယ်။ သတ်ဖြတ်ပြီးတော့ အမျိုးသမီးနှစ်ဦးကိုတော့ မုဒိမ်းကျင့်တာပေါ့နော်။ တစ်ဦးကိုဆို မုဒိမ်းကျင့်ပြီးတော့ မဖွယ်မရာတွေလုပ်တယ်။ မိန်းမအင်္ဂါထဲကို တခြား အချိုရည်ဗူးတစ်ဗူးကို ထိုးသွင်းပြီးတော့ လည်ပင်းကို ဓါးနဲ့လှီးသတ်သွားတာ။ အဲ့မှာ ၄ ဦးသတ်ခံလိုက်ရ တယ်။ ကျီးကန် မြောက်ရွာမှာ။ တောင်ရွာက ၂ ယောက်ဆိုရင်တော့ အဲ့မှာပဲ ၆ ဦး သတ်ဖြတ်ခံလိုက်ရတာပေါ့။”

မုဒိမ်းကျင့် အသတ်ခံလိုက်ရသည့် အမျိုးသမီး ၂ ဦးအနက် တစ်ဦးကို မိန်းမအင်္ဂါထဲ Royal D အချိုရည်ဗူးကို ထိုး ထည့်ထားပြီး လည်ပင်းကို ဓါးနှင့်လှီးကာ သတ်သွားခဲ့သော အချက်အလက်များကို ရရှိထားသည်ဟု ဒေသတွင်း ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။
ဘီလူးစစ်ကြောင်း၏ ဝက်လက်မြို့နယ်တွင်း စစ်ရာဇဝတ်မှု ချိုးဖောက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ဝက်လက်မြို့နယ် ပကဖ တာဝန်ရှိသူများအနေဖြင့် သက်သေအချက်အလက်များကို ကောင်းမွန်စွာ စုစည်းရရှိ ထားပြီဟု ဆိုသည်။

ဝက်လက်မြို့နယ်သို့ ဘီလူးစစ်ကြောင်းပါအဝင် ခမရ ၇၀၈၊ ခမရ ၃၆၄၊ ၄၆၉၊ ခမရ ၁၂၊ ရွှေဘိုမြို့ အမှတ် ၈ စစ်လေ့ကျင်ရေးတပ်၊ ၇၀၁ တို့က လမ်းကြောင်းသုံးကြောင်းခွဲကာ ဝင်လာခြင်းဖြစ်သည်ဟု ဝက်လက် ပကဖ တာဝန်ရှိသူများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

'မီးကုန်ယမ်းကုန် ရက်စက်သည့် နယ်လှည့် စစ်ရေးလှုပ်ရှား လူသတ်နေသော ဘီလူးစစ်ကြောင်း'
ဘီလူးစစ်ကြောင်းမှာ ၂၀၂၂ ခုနှစ်ကတည်းက ယခုနှစ် ၂၀၂၃ ခုနှစ်အထိ နယ်လှည့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းတစ်ကြောင်းဟု ဆိုလျှင်လည်း မမှားပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ရောက်လေရာရာ နေရာဒေသများတွင် ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတစ်ကြောင်းပင်ဖြစ်သည်။

အဆိုပါ ဘီလူးစစ်ကြောင်းသည် ၎င်းတို့ ဝင်ရောက်လာသည့် နေရာများတွင် အခြားသော စစ်ကြောင်းများကဲ့သို့ ကျေးရွာများကို မီးရှို့ခြင်း၊ မြေပြင်တွင် စစ်ရေးလှုပ်ရှားခြင်းတို့ မလုပ်ဘူးဟု ဆိုသည်။
“လုံးဝ မြေပြင်ထဲမှာ စစ်ရေးလှုပ်ရှားမှု မရှိဘူး။ ည လူတိတ်ချိန်နဲ့ မနက် အရုဏ်လင်းချိန် အစောပိုင်း လင်း အားကြီးချိန်တွေမှာပဲ စစ်ရေးလှုပ်ရှားတယ်။ ပြည်သူတွေအိပ်ချိန်၊ ကာကွယ်ရေးအဖွဲ့တွေ နားချိန်မှာပဲ သူတို့ လှုပ်ရှားတယ်။ လျှပ်တပြတ်ကို ကျေးရွာတွေထဲ ဝင်ရောက် စီးနင်းတာမျိုးတွေ လုပ်တယ်ပေါ့။ အဲ့လိုဆို ပြည် သူတွေ ပြေးရလွှားရတာလည်း ခက်တာပေါ့။ ဘီလူးစစ်ကြောင်း ရောက်ပြီဟေ့ဆို သေချာတယ်၊ အဲ့ဒီပတ်ပတ် လည်က လေးငါးဆယ်မိုင်က ရွာတွေ လုံးဝကို ရှောင်ထားရတော့တာ။ အဲ့မှာ ကြိုတင်စစ်ရှောင်ရတဲ့ ကိစ္စတွေ ကြုံခဲ့တာပေါ့” ဟု ရေဦးမြို့နယ်တွင် စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးကပြောသည်။

ဘီလူးစစ်ကြောင်းမှာ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ကိုသာ သီးသန့်လုပ်သည့်စစ်ကြောင်း ဖြစ်သည်ဟု ဆိုကြ သည်။
မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက “ပြည်သူပဲ ဖြစ်နေဖြစ်နေ PDF ပဲ ဖြစ်နေဖြစ်နေ သူတို့တွေ့တယ်ဆိုလို့ရှိရင် သတ်တယ်ပေါ့နော။ ပြီးလို့ရှိရင် သူတို့လက်ထဲ ဖမ်းမိသွား တယ်ဆိုလို့ရှိရင် ယောက်ကျားလေးတွေ ဆိုလို့ရှိရင်တော့ PDF ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မသက်ညှာဘူး ရက် ရက်စက်စက်သတ်တယ်။ မီးရှို့တာတွေ ဖျက်ဆီးတာတွေ မလုပ်ဘူး။ မလုပ်ဘဲနဲ့ လူသတ်တာ သီးသန့်ပဲ သတ် တာတောင်မှ ရိုးရိုးသတ်တာ မဟုတ်ဘူး။

Comments

Be the first to add a comment