လူပေါင်း ၅၀၀,၀၀၀ နီးပါး ပါဝင်သော UK Biobank ၏ လေ့လာမှုတရပ်တွင် ၁၂ နှစ်တာ ကာလအတွင်း အထီး ကျန်ခြင်း၊ လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာခြင်းတို့နှင့် နှလုံးအားနည်းမှုတို့အကြား ဆက်နွှယ်မှုကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အထီးကျန်ခြင်းနှင့် လူမှုပတ်ဝန်းကျင်နှင့်ကင်းကွာခြင်း နှစ်မျိုးစလုံးသည် နှလုံးအားနည်းခြင်းကြောင့် ဆေးရုံတက်ရခြင်း သို့မဟုတ် သေဆုံးနိုင်ခြေကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်စေကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

နှလုံးရောဂါသည် ကျန်းမာရေး ပြဿနာများစွာနှင့် ဆက်စပ်နေသဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကို ကျင့်သုံးခြင်းဖြင့် ထိုပြဿနာ အများစုကို ဖြေရှင်းနိုင်သည်။

၎င်းတို့တွင် ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အိပ်ရေးဝဝ အိပ်စက်ခြင်းတို့ ပါဝင်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83842

#အထီးကျန်ခြင်း
#နှလုံးအားနည်းနိုင်ခြေ
#မြင့်တက်စေကြောင်း
#လေ့လာတွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment