PP LINK UPLOAD
🤩
ဖုန်းတစ်လုံးကြောင့်ပေါ်ပေါက်လာတဲ့သူငယ်ချင်း ၁၁ ယောက်ရဲ့အမှောင်ဖက်ခြမ်း
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ကောလိပ်ကျောင်းသားဘဝကတည်းက ခင်လာကြတဲ့ သူငယ်ချင်း ၁၁ ယောက် (ဇနီးမောင်နှံတွေ၊ ချစ်သူတွေ ပါဝင်ပါတယ်) ဟာ သူတို့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်အကြို အထိမ်းအမှတ်အဖြစ် တောတွင်းတစ်နေရာက သီးသန့် Resort တစ်ခုမှာ လာရောက်ဆုံဆည်းကြပါတယ်။
ညဘက် ပါတီလုပ်ရင်း သောက်စားပျော်ပါးနေကြချိန်မှာ ကစားပွဲတစ်ခု ကစားဖို့ ဖြစ်လာပါတယ်။ အဲဒီကစားပွဲကတော့ "လူတိုင်းရဲ့ ဖုန်းတွေကို စားပွဲပေါ်တင်ထားရမယ်၊ ညတွင်းချင်း ဝင်လာသမျှ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတွေကို အားလုံးရှေ့မှာပဲ Voice Speaker ဖွင့်ပြီး ဖြေရမယ်၊ ဖတ်ရမယ်" ဆိုတဲ့ ကစားပွဲပါ။
အဲဒီကစားပွဲစတင်ပြီးနောက်မှာတော့ တစ်ယောက်ချင်းစီရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ဖောက်ပြန်မှုတွေနဲ့ အမှောင်ဖက်ခြမ်းတွေ တစ်စစ ပေါ်ပေါက်လာပါတော့တယ်။ အခြေအနေတွေ တင်းမာလာပြီးနောက်မှာတော့ အဖွဲ့ထဲက အမျိုးသမီးတစ်ယောက် ကုန်းပါးပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။
ဒီလိုနဲ့ Resort မှာ အရက်လာသောက်ရင်း အခန်းထဲအိပ်ပျော်နေတဲ့ အရက်သမားကြီး Chandler ဟာ တကယ်တော့ အားလပ်ရက်ယူထားတဲ့ ရဲအရာရှိတစ်ဦး ဖြစ်နေတဲ့အခါမှာတော့... အပြင်လူဝင်ထွက်ခွင့်မရှိတဲ့ ဒီ Resort ထဲက လူ ၁၁ ယောက် (သေဆုံးသူအပါအဝင်) ထဲမှာပဲ တရားခံ ရှိနေတာမို့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး လူသတ်သမားကို ဘယ်လိုရှာဖွေမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/3956649250/378
ချန်နယ်အရင်Joinပါ
⬇️
🔽
https://t.me/+uapT4wtaLq9kYjll
Comments
Be the first to add a comment