'ဂျီဘရော်လ်တာဟာ စပိန်ဖြစ်ကြောင်း' ကြွေးကြော်လို့ မိုရာတာနဲ့ ရိုဒရီ ပွဲပယ်ခံရ -
BUR.MIZZIMA.COM'ဂျီဘရော်လ်တာဟာ စပိန်ဖြစ်ကြောင်း' ကြွေးကြော်လို့ မိုရာတာနဲ့ ရိုဒရီ ပွဲပယ်ခံရစပိန်အသင်းခေါင်းဆောင် အယ်လ်ဗာရို မိုရာတာနဲ့ အသင်းဖော် ရိုဒရီတို့ဟာ သူတို့အသင်း ယူရို ၂၀၂၄ အောင်ပွဲခံအခမ်းအနားပြုလုပ်စဉ်အတွင်း "ဂျီဘရော်လ်တာဟာ စပိန်ပိုင်ဖြစ်တယ်"လို့ ကြွေးကြော်ခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကို UEFA က တပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။သူတို့နှစ်ဦး အခုလို အရေးယူမခံရမီ ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ် (GFA) က ဥရောပဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးအဖွဲ့ထံ တရားဝင် တိုင်ကြားချက်တခု ပြုလုပ်ခဲ့ပါတယ်။"ယေဘုယျ ကျင့်ဝတ်စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ခြင်း၊ အကျင့်စာရိတ္တအခြေခံစံနှုန်းများ ဖောက်ဖျက်ခြင်း၊ အားကစားနဲ့ မသက်ဆိုင်တဲ့ လှုပ်ရှားမှုများကို အားကစားဆိုင်ရာပွဲများမှာ အသုံးပြုပြီး ဘောလုံးအားကစားနယ်ပယ်ထဲ သွပ်သွင်းခြင်း၊ အထူးသဖြင့် UEFA ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းတို့ကြောင့်" UEFA က အခုအခါမှာ မိုရာတာနဲ့ ရိုဒရီတို့ကို ဆိုင်းငံ့ခဲ့ပါတယ်။သူတို့နှစ်ဦးဟာ စက်တင်ဘာ ၅ ရက်၊ ကြာသပတေးနေ့မှာ စပိန်အသင်းကစားမယ့် ဆားဘီးယားနဲ့ ပွဲအတွက် အပိတ်ခံရတာပါ။ယူရို ၂၀၂၄ ဖိုင်နယ်မှာ အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့အပြီး ဇူလိုင် ၁၅ ရက်နေ့က မက်ဒရစ်မြို့ Cibeles ရင်ပြင်က စပိန်ပရိသတ် ထောင်ပေါင်းများစွာရှေ့မှာ ကစားသမားတွေက အော်ဟစ်ကြွေးကြော်ခဲ့ကြတာပါ။စင်မြင့်ပေါ်မှာ "ဂျီဘရော်လ်တာက စပိန်နိုင်ငံသားတွေဖြစ်တယ်"လို့ အော်ဟစ်နေတဲ့ အသက် ၂၈ နှစ် မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား ရိုဒရီကို မြင်တွေ့ရပြီး နောက်ပိုင်းမှာ အသက် ၃၁ နှစ် အေစီမီလန်တိုက်စစ်မှူး မိုရာတာက အလားတူ ကြွေးကြော်မှုဖြင့် ပရိသတ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။စပိန်နိုင်ငံ တောင်ဘက်စွန်းက ကျွန်းဆွယ်လေးဖြစ်တဲ့ ဂျီဘရော်တာဟာ ၁၈ ရာစုကတည်းက ဗြိတိသျှ အုပ်ချုပ်တဲ့ နယ်မြေအဖြစ်ရှိခဲ့တာပါ။ စပိန်နိုင်ငံက ဒီနယ်မြေကို ပြန်လည်ရရှိရေး တောင်းဆိုလျက်ရှိတာကြာပါပြီ။ဂျီဘရော်လ်တာဟာ ၂၀၁၃ ကတည်းက UEFA ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါ။Ref; BBC Website Link >>
https://ift.tt/oKgiFnR-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ
https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U or
https://ift.tt/K7GTMhmhttps://ift.tt/LQPsOzB