စစ်တွေ၌ စစ်ကော်မရှင်နှင့် AA တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

ဓာတု

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ရွှေမင်းဂံဆိပ်ကမ်းရှိ စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့ ယနေ့ ( မတ်လ ၂၇ ရက် )တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းတိုက်ပွဲမှာ မတ်လ ၂၃ ရက် အထိ တိုက်ပွဲပြင်းထန်ပြီးနောက် ယာယီရပ်တန့်နေရာမှ ယနေ့ နံနက်ပိုင်းတွင် တဖန်ပြန်လည်ဖြစ်ပွားလာခြင်းကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်က ဆိုသည်။

“မနက် ၆နာရီကျော် မှာ ဟိုဘက် ၊ ဒီဘက် အပြန်အလှန်ပစ်ကြတာ။ ရွှေမင်းဂံ၊ ရဲရိုးပြင်၊ မလောင်ရွာဘက်တဝိုက် မိနစ် ၂၀ လောက်ဖြစ်တယ်။ ပြီးတော့ ခဏငြိမ်ပြီး မနက် ၈ နာရီကျော်မှာ တခါထပ်ဖြစ်တယ် ။ လက်နက်ကြီးတွေနဲ့၊ ထိခိုက်မှုမသိရသေးဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

စစ်ကော်မရှင်သည် ရွှေမင်းဂံဆိပ်ကမ်းရှိ အထိုင်ချတပ်စခန်းသို့ စစ်ကူအင်အား အဆက်မပြတ် ဖြည့်တင်းလျက်ရှိပြီး ထိုတပ်စခန်းသည် ရေလမ်းကြောင်းဖြင့် အခြားစစ်ပွဲဖြစ်ပွားရာနေရာများသို့ စစ်အင်အားဖြန့်ကြက်သည့် ထောက်ပို့တပ်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် AAက ထိုတပ်စခန်းသို့…

Comments

Be the first to add a comment