ယူကရိန်းသည် ရုရှားရေနံသိုလှောင်ရုံတခုကို ဒရုန်းများဖြင့် ညပိုင်း၌ တိုက်ခိုက်ခဲ့ရာ ထိုဖြစ်စဉ်တွင် အဆိုပါရေနံသိုလှောင်ရုံဆိုဒ်ကို ယင်းကဲ့သို့ တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ကြိုတင်တပ်ဆင်ထားသော ဒရုန်းရန်ကာ ပိုက်ကွန်များကို ဖောက်ထွက်ကျော်လွှားတိုက်ခိုက်နိုင်ခဲ့ကြောင်း လုံခြုံရေးအရာရှိတဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် Business Insider ကို ပြောသည်။

ရုရှားနိုင်ငံအနောက်ပိုင်း ပက်စ်ကော့ဗ်ဒေသရှိ ဗီလီကီယီ လူကီမြို့ရှိ ရေနံသိုလှောင်ရုံတခုကို ယူကရိန်းက တာဝေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) မှ သတင်းရင်းမြစ်တဦးက ပြောသည်။ စစ်ဆင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ်ရှိမှုကြောင့် အဆိုပါ သတင်းရင်းမြစ်က ၎င်း၏ အမည်ကို မဖော်ပြဘဲ ပြောဆိုခြင်းလည်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဒရုန်း
#ရုရှားရေနံသိုလှောင်ရုံ
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment