ချယ်လ်ဆီးမှာ ‘ထူးခြားတဲ့’ ရာသီကို ပိုင်ဆိုင်ထားသူ ဂျာအို ပတ်ဒရို ဘရာဇီးလ်ရဲ့ အကောင်းဆုံး နံပါတ် ၉ လား
ESPN
ဂျာအို ပတ်ဒရိုဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အခွင့်အရေး ရရှိလာပြီးနောက် ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံးရာသီကို “ထူးခြားတယ်” လို့ ပြောဆိုလာပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ပြီးရင် open play ကနေ ဂိုးအများဆုံး သွင်းယူနိုင်သူကတော့ ဂျာအို ပတ်ဒရိုပါ။ ပတ်ဒရိုဟာ ဒီရာသီမှာ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဒါဟာ သူ အင်္ဂလန်ဘောလုံးလောကကို ပြန်ရောက်လာပြီးနောက် အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းလည်း ဖြစ်ပါတယ်။
နှစ်သစ်ကူးပြီးကတည်းက ဒီချယ်လ်ဆီးတိုက်စစ်မှူးဟာ ကလပ်အသင်းပြိုင်ပွဲစုံမှာ ဂိုးသွင်းယူမှုနဲ့ ဖန်တီးမှု စုစုပေါင်း ၁၆ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒီအရေအတွက်ကတော့ ဥရောပ ထိပ်တန်းလိဂ် ငါးခုမှာ ဘိုင်ယန်မြူးနစ်က ဟာရီကိန်းနဲ့ ဘွန်ဒက်လီဂါကြယ်ပွင့် ဒင်းနစ် အွန်ဒက်ဗ် တို့ရဲ့ နောက်မှာပဲ ရပ်တည်နေတာပါ။
ပြီးခဲ့တဲ့ သြဂုတ်လက ဘရိုက်တန်ကနေ ပေါင်သန်း ၆၀ (ဒေါ်လာသန်း ၈၀) နဲ့ ရောက်ရှိလာတဲ့ ပတ်ဒရိုက
UEFA.com ကို…