ကွတ်ခိုင်မြို့တွင် MNDAA နှင့် TNLA တို့ ညီနောင် ၂ ဖွဲ့ တိုက်ပွဲစဖြစ်

ဂျူချန်း

မဇ္ဈိမ။ ။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် TNLA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်တွင် ညီနောင်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကြား ယနေ့ (မတ်လ ၁၄ ရက်) တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့ရှိ TNLA မြို့စောင့်တပ်များအနီးတွင် ကြိုတင်အင်အားဖြည့်ထားသည့် ကိုးကန့်တပ် (MNDAA) ဘက်မှ ယနေ့တွင် စတင်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောကြားသည်။

ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကွတ်ခိုင်မြို့နှင့် ငါးမိုင်ခန့်အကွာရှိ မန့်ပိန်းကျေးရွာအနီးတွင် ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ ရှုခင်းသာဘက်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကာ မြို့တွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

မြေပြင်တွင် ရောက်ရှိနေသည့် TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က…

Comments

Be the first to add a comment