ရီဗြူးကောင်းတွေရရှိနေတဲ့မှုခင်းဇာတ်ကားကောင်း?

ဂျွန်အာဘရာဟမ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ
ကီရာလာ-တမီလ်နန်ဒူနယ်စပ် တံတားပေါ်မှာ ကားကိုပဲတွေ့ပြီးတော့
အလောင်းကိုတော့ ၅ရက်အကြာမှ ရေထဲမှာ သေနေတာကို တွေ့ခဲ့ရပါတယ်။

အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ဂျွန်ဟာ သေဆုံးတာ၄ရက်သာရှိသေးပြီးတော့
ရေထဲကိုရောက်နေတာဟာလည်း ၂ရက်သာရှိသေးတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ ဒီအမှုကို ရဲတွေဟာလည်း
ကြိုးစားပြီးတော့ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့အဖေကို
အောက်မေ့တဲ့အနေနဲ့ ဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်ဆာသည်တွေကို
ဆေးရုံဆီ အခမဲ့ပို့ဆောင်ပေးလျက်ရှိတဲ့ သုံးဘီးမောင်းသမားလေးဟာ
သူ့ညီမရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးလျက်ရှိပါတယ်။

ဒီလိုနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပြုလုပ်မယ့် မနက်အစောပိုင်းမှာပဲ သုံးဘီးမောင်းပြန်လာရာကနေ
အိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ထားတဲ့အတွက် ကူညီဖို့သွားရင်း
သေခါနီးဆဲဆဲ မိန်းမတစ်ယောက်ဟာ သူ့ကို မသေခင် မှာစရာတွေ မှာပြီး
အကူအညီတောင်းသွားခဲ့ပါတယ်။

တိုက်ဆိုင်ချင်တော့ အဲဒီမိန်းမဟာ ဟိုးရှေ့ရက်ကမှ ဆုံးသွားခဲ့တဲ့
ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ ။
ဒီလိုနဲ့ သုံးဘီးဆရာဟာ ဒီရှပ်ထွေးဆန်းကြယ်လှတဲ့ အမှုထဲမှာ
ပါဝင်လာခဲ့ရင်းကနေ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။


ကြည့်ရန်
🔽🔽
https://t.me/Hdpwgdpw/1903

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

1 comment

Daw Soe
လွယ်လွယ်ကူကူကြည့်မရတဲ့ကားတွေတင်မနေပါနဲ့