အီရန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ဗဟိုကော်မတီမှ အဆင့်မြင့်အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အား အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့က စတင်လိုက်သော စစ်ပွဲအတွင်း အီရန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
“အီရန်ဘက်က တရုတ်ဝန်ထမ်းတွေနဲ့အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံစေဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ အဘတ်စ် အာရတ်ခ်ချီက ပြောပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလော ဆွေးနွေးပွဲများတွင် နှစ်ဖက်အကြား "အပြုသဘောဆောင်သော တိုးတက်မှုများ" ရှိနေခဲ့သော်လည်း အမေရိကန်သည် "ဆွေးနွေးဆဲကာလမှာပင် အီရန်အပေါ် ဒုတိယအကြိမ်မြောက် စစ်ပွဲကို စတင်လိုက်ခြင်းဖြစ်ကြောင်း" အာရတ်ခ်ချီက ဝမ်ယိအား ပြောကြားခဲ့သည်။ ဒေသတွင်း ပဋိပက္ခများ ထပ်မံအရှိန်မမြင့်လာစေရေး တရုတ်အနေဖြင့် ကဏ္ဍတခုမှ ပါဝင်ပေးရန် မျှော်လင့်ကြောင်းနှင့် "ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ကြောင်း" အာရတ်ခ်ချီက ဝမ်ယိကို ပြောခဲ့သည်ဟု ဆိုသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/04/83712