"ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ရမယ်လို့ ဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆီဝပ်တာနာက သတင်းထောက်များကို ပြောကြားခဲ့ပြီး ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးရမည့် အရာရှိများအတွက် ခြွင်းချက်ထားရှိမည်ဟု ဆိုသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သော ထိုင်းတွင် အရန်ဆီ ၉၅ ရက်စာခန့်သာ ကျန်ရှိတော့ပြီး အမေရိကန်၊ ဩစတြေးလျနှင့် တောင်အာဖရိကနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) အရင်းအမြစ်သစ်များ ရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး အတ်တာပိုလ် ရပ်ပီဘွန်းက ပြောသည်။

"အခြေအနေတွေ ပိုမိုဆိုးရွားလာမယ်ဆိုရင် အစိုးရအနေနဲ့ ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကြော်ငြာမီးဆိုင်းဘုတ်တွေကို မှိန်ထားဖို့နဲ့ စက်သုံးဆီဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ခိုင်းဖို့အပါအဝင် မဖြစ်မနေလိုက်နာရမယ့် အစီအမံတွေကို စဉ်းစားသွားနိုင်ပါတယ်" ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/10/84541

#အစိုးရဝန်ထမ်းများ
#ထိုင်း
#စွမ်းအင်ချွေတာရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment