BNRA အဖွဲ့ဝင် ၅ ဦး စစ်ကော်မရှင်ထံ လက်နက်ချ
001
မဇ္ဈိမ။ ။ ဗိုလ်နဂါးလက်နက်ချသွားပြီးနောက်ဆက်တွဲအဖြစ် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ဝင် ငါးဦး ယနေ့ (ဖေဖော်ဝါရီ ၂၀) နေ့လယ်ပိုင်းတွင် ထပ်ပြီး လက်နက်ချသွားကြောင်း စစ်ကော်မရှင်ဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အခြေစိုက် BNRA ၏ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊ တတိယတာဝန်ခံအဆင့်ရှိသူတဦးအပါအဝင် အဖွဲ့ဝင်ငါးဦးသည် လက်နက်မျိုးစုံငါးလက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ စစ်ကော်မရှင် တပ်စခန်းတခုထံ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကော်မရှင်က အဆိုပါ ငါးဦးအား လက်ခံကြိုဆိုပွဲကို မုံရွာမြို့တွင် ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ချက်တွင် တွေ့ရပြီး နာမည်များကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
Read more: >>
https://bur.mizzima.com/2026/02/20/82618