ထို Sandy Cay သန္တာကျောက်တန်းသည် ဖိလစ်ပိုင်နိုင်ငံက ပက်ဂ်-အဆာဟုခေါ်သည့် သီတု ကျွန်းမှ သုံးကီလိုမီတာကျော်ကျော်သာဝေးသည်။ သီတုကျွန်းပေါ်တွင် ဖိလစ်ပိုင်စစ်ဘက်အဆောက် အအုံများနှင့် စစ်ဘက်သုံးအဆင့် လေယာဉ်ပြေးလမ်းတခု ရှိပြီး လူပေါင်း ၂၅၀ ခန့် နေထိုင်လျက်ရှိသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် “သန္တာကျောက်တန်းကို စစ်ဆေးမှုများပြုလုပ်ပြီး တရားမဝင် လှုပ်ရှားမှုများကို ရုပ်သံမှတ်တမ်းတင်ရန်” နှင့် “သောင်ခုံပေါ်တွင် ပြန့်ကျဲနေသည့် ပလပ်စတစ်ဘူးခွံများ၊ သစ်သားချောင်းများနှင့် အခြားအမှိုက်သရိုက်များကိုလည်း ရှင်းလင်းရန်” Sandy Cay သို့ သွားရောက်ခဲ့ သည်ဟု တရုတ် Global Times သတင်းတွင်ဖော်ပြကြောင်း The Japan Times တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54626

Comments

Be the first to add a comment