Mizzima
မလှိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲမှု ဒေသခံ ၄ ဦးသေဆုံး
MTO
မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကျေးရွာတရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ လေးဦး သေဆုံးခဲ့ပြီး ကလေး ငယ် တဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူထုသတင်းကွန်ရက် -မလှိုင်အဖွဲ့ ထံမှ သိရသည်။
မလှိုင်မြို့အနောက်ဖက် ညောင်ကုန်းကျေးရွာကို မတ်လ ၂၆ ရက်နေ့ ၊ မွန်းလွဲ ၂နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စက်တပ်လေထီး နှစ်စီးဖြင့် ဗုံးသီး လေး လုံး ကြဲချ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ရက်-မလှိုင်အဖွဲ့ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။
“ဒေသခံပြည်သူတွေကတော့ ဒါကပထဦးဆုံး ကြုံရတာဆိုတော့ ထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်ကုန်တာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး တဦးနှင့် အမျိုးသား သုံး ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ် ရှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း နှင့် မီးတိုင်များပျက်စီးသွားသည့်အတွက် လျှပ်စစ်မီးများလည်းပြတ်တောက်နေကြောင်း…
Comments
Be the first to add a comment