ရှီကျင့်ဖျင်အစိုးရက တရုတ်ကမ်းရိုးတန်းတခုလုံးတွင် ရေကြောင်းပြည်သူ့စစ်များကို စနစ်တကျ ဖွဲ့စည်း နေခြင်းက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ၎င်း၏ စစ်အင်အားချဲ့ထွင်မှုကို ပံ့ပိုးပေးရန်အတွက် ပိုမိုကျယ်ပြန့် သော မဟာဗျူဟာကို ဖော်ဆောင်နေခြင်းဖြစ်သည်။

ယခုအခါ တရုတ်က ထိုင်ဝမ်ကို ပြည်မကြီးဘက်မှသာမက ပစိဖိတ်သမုဒ္ဒရာဘက်မှပါ ဖိအားပေးနိုင် သည့် အနေအထားတွင် ရှိနေပြီး တဆက်တည်းမှာပင် ပထမကျွန်းဆက်နှင့် ဒုတိယကျွန်းဆက်ကြား ရေပြင်များသို့ အမေရိကန်တို့ ဝင်ရောက်ခွင့်မရအောင် ပိတ်ဆို့တားဆီးရန် ကြိုးပမ်းနေသည်။

ထိုသို့သော မဟာဗျူဟာ အောင်မြင်စေရန်အတွက် တရုတ်က နောက်ကျောဘက်ကို လုံခြုံအောင် ဦးစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဂျပန်၏ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်ရန်ပင် ဖြစ်သည်။

အကယ်၍ ရေကြောင်းပြည်သူ့စစ်များကို အသုံးပြု၍ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဂျပန်ပင်လယ်ပြင် အခြေစိုက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့၏ လှုပ်ရှားမှုများကို နှောင့်ယှက်ခြင်းနှင့် နှောင့်နှေးအောင် လုပ်ဆောင်နိုင်ပါက၊ တရုတ်က ထိုရေပြင်များအား ပိုမိုစိုးမိုးနိုင်မည်ဖြစ်သည်။…

Comments

Be the first to add a comment