Mizzima
၎င်းတို့သည် သုံးနှစ်ကြာ သူနာပြုသိပ္ပံဘွဲ့သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြားမှ ခိုလှုံရာနေရာများနှင့် ရွှေ့လျားစာသင်ခန်းများအတွင်း လျှို့ဝှက်စွာ သင်ကြားခဲ့ရခြင်း ဖြစ်သည်။ တိုးတိုးတိတ်တိတ်နှင့် မှတ်တမ်းတင်ခြင်းမပြုဘဲ ကျင်းပခဲ့သော ၎င်းတို့၏ သင်တန်းဆင်းပွဲသည် ပညာရေးဆိုင်ရာ အောင်မြင်မှုတခုထက်မက ပိုမိုလေးနက်ပြီး စစ်ပွဲ၏ ဆိုးကျိုးများအကြားတွင်ပင် ပညာရေးနှင့် လူသားဆန်မှုတို့သည် ဆက်လက်ရှင်သန်နိုင်သည်ဆိုသောအချက်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
ဗြိတိန်နိုင်ငံရှိ တော်ဝင်သူနာပြုကောလိပ် (RCN) မှ နိုင်ငံတကာ သူနာပြုလုပ်ငန်းဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး မားကတ်စ် ဝူးလ်တန်သည် မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးမှသည် အပူပိုင်းဒေသဆိုင်ရာ ဆေးပညာရပ်များအထိ ဘာသာရပ်ပေါင်း ၅၈ ခု ပါဝင်သော ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းတခုလုံးကို ဗီဒီယိုသင်ခန်းစာများအဖြစ် ဖန်တီးပုံဖော်ပေးခဲ့သည်။
♦
ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဒရုန်း
#လေကြောင်းတိုက်ခိုက်မှု
#မြန်မာသူနာပြုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment